[00:38.59] ခန္ဓာတစ်ခြမ်း တစ်ပိုင်းဟာ
[00:41.29] မင်းကြောင့်နှင့် ဝေး
[00:43.70] ခန္ဓာတစ်ခြမ်း တစ်ပိုင်းဟာ မင်းကြောင့်နှင့် ဆွေး
[00:49.55] (Instrumental)
[01:10.86] စိတ္တဇဟာ ကပ်မရခဲ့
[01:13.25] နာမ်မှာ အတွေးတစ်ခုရောက်လာခဲ့တဲ့ အချိန်တိုင်း
[01:16.70] ငါတို့ဖြတ်သန်းခဲ့ရမယ့်
[01:18.83] အဆိုးအကောင်းများနယ် အမှတ်တရများထဲ
[01:21.78] တစစ နှင့်တိုက်စားသွားခဲ့လည်း သတ်မှတ်ချက်တို့ အလိုမကျခဲ့တဲ့ မင်းဟာ
[01:27.09] ကိုယ့်ရှင်သန်ရာ ဘယ်ဘက်အခြမ်းက ခရီးသွားဧည့်သည်
[01:31.08] သိတယ် သို့သော် အိပ်မက်တွေတော့ ကြီးမားခဲ့တယ်
[01:33.74] မသိမသာ အထိနာခဲ့တဲ့ စိတ်ဟာ စုတ်ပြတ်သတ်
[01:36.43] ကိုယ်နှစ်သက်ခဲ့တဲ့ ပန်းချီကားတစ်ချပ်မှာ ထင်ကျန်စဲ
[01:40.41] ဗီဇတို့ မညီမျှလို့ ခွဲထုတ်ပစ်လိုက်တော့မယ် ဒီညအဖို့
[01:47.32] ဗီဇတို့ မညီမျှလို့
[01:53.19] ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
[01:56.11] ရုန်းထွက်ဖို့ကြိုးစား
[01:58.23] မင်းရဲ့မျက်လွှာအောက်က အလင်းစက်အား
[02:01.42] မကျစေချင်ခဲ့ ငါ
[02:03.28] ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ် လို့
[02:06.77] ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့
[02:09.16] ဒါငါဟာ ငါတောင်မပီသလို့
[02:11.83] ငါဟာ ငါတောင်မပီသတော့ပါ
[02:19.32] (ဒါငါဟာ ငါတောင်မပီသ မပီသ
[02:23.05] ဒါငါဟာ ငါတောင်မပီသတော့)
[02:25.98] မပြီးသတ်သေးတဲ့ မင်းနဲ့ ရင်ဆိုင်ရမယ့် တရားခွင်
[02:27.57] မနီးမလှမ်းကနေ အသိမဲ့ အရှိမဲ့ ကတိမဲ့ထွက်သွားချင်
[02:30.23] အနီးကပ်ရှိလျက်နဲ့ မင်းဟာငါ့အတွက် ငါဟာမင်းအတွက်
[02:33.15] မလုံလောက်တော့တဲ့ ဒီမျက်ဝန်းထဲက အကြည့်နဲ့ပြောသော စကားသံများ ထပ်ကြားချင်
[02:36.11] တိတ်ဆိတ်မှုကို သဘောကျတဲ့မင်း
[02:37.43] နွေးထွေးခြင်းကို သဘောတွေ့တဲ့ ကိုယ့်မှာ
[02:38.75] မင်းနဲ့ သက်ဆိုင်တဲ့ ရနံ့ဟာ တစ်ဖက်ကခတ်တဲ့ အဆိပ်တွေနဲ့ အပြည့်
[02:41.43] ဒီအနည်ထိုင်ခဲ့တဲ့ စိတ်ဝိဥာဉ်ထဲမှာ အရိပ်အခြေမဲ့ကာပြန့်
[02:44.08] တစ်ဘဝစာမြင်ရခဲ ရင်ထဲ
[02:45.68] အချစ်က ရေလို အရသာ ခါးသက်သက်လား
[02:47.27] အဓိပ္ပါယ်တွေမဲ့ အက်ကြောင်းတွေလိုက်
[02:49.71] အဓိပ္ပါယ်တွေရှိခဲ့လိမ့်မယ် တခဏစာ တစ်ပိုင်းမှာ
[02:52.36] နောက်ထပ်မတွေ့ရဦးမယ့် မင်းမဟုတ်တဲ့ မင်းကို
[02:54.76] လိုက်ရှာခဲ့
[02:55.29] အချိန်တွေ wasted မဖြစ်ဖို့
[02:56.35] ကိုယ်မပိုင် ခန္ဓာတစ်ခြမ်းအား ငြင်းဆိုလိုက်ကာ
[03:00.62] ဗီဇတို့ မညီမျှလို့
[03:05.94] ဒီအမှားတို့ ဒီညအဖို့ ကိုယ်ခံယူရင်း
[03:11.25] ဗီဇတို့ မညီမျှလို့
[03:16.29] ဒီအမှားတို့ ဒီညအဖို့
[03:20.32] အမာရွတ်တို့နှင့် ငါတို့တွေ
[03:22.18] (Instrumental)
[03:42.13] ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
[03:45.32] ရုန်းထွက်ဖို့ကြိုးစား
[03:47.44] မင်းရဲ့မျက်လွှာအောက်က အလင်းစက်အား
[03:50.36] မကျစေချင်ခဲ့ ငါ
[03:52.77] ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ် လို့
[03:56.49] ဘယ်တုန်းကမှ မတွေးမိခဲ့တဲ့
[03:58.62] ဒါငါဟာ ငါတောင်မပီသလို့
[04:01.27] ငါဟာ ငါတောင်မပီသတော့ပါ
[04:03.93] ပိတ်လှောင်ကာ ထားခဲ့သော အရိပ်ကြောင့်
[04:08.99] မင်းရဲ့ မျက်လွှာအောက်က အလင်းစက်အား
[04:12.18] မကျစေချင်ခဲ့ ငါ
[04:14.57] ကမ္ဘာမှာ နှလုံးသားနှစ်ခု မှားသွားလိမ့်မယ်
[04:20.19] ငါဟာ ငါတောင်မပီသလို့
[04:22.84] ငါဟာ ငါတောင် မပီသတော့
